နေရောင်ခြည်ဒဏ် ကာကွယ်ပေးတဲ့ SPF
01-Mar-2017
SPF ဆိုတာ Sun protection factor လို့ခေါ်ပါတယ်။ အလှကုန်ပစ္စည်းတွေမှာ SPF 15, SPF 30 စသဖြင့် ပါတတ်ပါတယ်။ SPF နံပါတ်မြင့်လေ နေရောင်ခြည်မှာ ပါဝင်တဲ့ UV B Rays တွေကို ပိုပြီး ကာကွယ်ပေးလေပါပဲ။ ဥပမာအနေနဲ့ SPF 15 ကိုသုံးမယ်ဆိုရင် နေရောင်ခြည်ဒဏ်ကို ၁၅ ဆ ကာကွယ်ပေးနိုင်ပါတယ်။ SPF 30 ဆိုရင်တော့ အဆ ၃၀၊ SPF 45 ဆိုရင် ၄၅ ဆ ကာကွယ်ပေးနိုင်ပါ တယ်။သတိပြုရမှာက SPF ဟာ UV B Rays တွေကိုသာ ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။
Sunscreen တွေကို ရေထဲမှာ အသုံးပြုမယ်ဆိုရင် water proof ဒါမှမဟုတ် water resistant sunscreen တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ water proof sunscreen ဆိုရင် ရေထဲမှာ မိနစ် ၈၀ လောက်ကြာအောင် ကာကွယ်ပေးနိုင်ပြီး water resistant ကတော့ ရေထဲမှာ မိနစ် ၄၀ လောက် ကာကွယ်ပေးနိုင်ပါတယ်။ Sunscreen ကတော့ Organic Chemical တွေ ပေါင်းစပ်ထားပြီး လူ့ရဲ့အရေပြားထဲကို နေရောင်ခြည်ရဲ့ ဝင်ရောက်မှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ Screen ဆိုတာကတော့ Organic Chemical တွေ ပေါင်းစပ်ထားပြီး လူရဲ့ အရေပြားထဲကိုနေရောင်ခြည်ရဲ့ ဝင်ရောက်မှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ Screen ဆိုတာကတော့ ခန်းဆီး၊ လိုက်ကာသဖွယ် ဖြစ်ပါတယ်။
Sunscreen နဲ့ Sun Block ကတော့ မတူညီဘဲ ကွဲပြားတဲ့သဘော ရှိပါတယ်။ Sun Block ကတော့ အရေပြားထဲကို နေရောင်ခြည်တွေ ဝင်ရောက်မှုကို အလင်းရောင် ပြန်စေခြင်း၊ ဒါမှမဟုတ် အခြားနေရာကို ပြန့်ကျဲ၊ ပျံ့နှံ့သွားအောင် လုပ်ဆောင်ပေးပါတယ်။ Sunscreen မှာ ပါဝင်တဲ့ Organic Molecules တွေဟာ Ultraviolet Radiation တွေကိုစုပ်ယူပေးပြီး အပူတွေကို လျော့နည်းစေပါတယ်။ Sun Cover တွေ သုံးပြီးသွားတဲ့အခါ၊နေရောင်ခြည် ကာကွယ်ဆေးကိုလိမ်းပြီးသွားတဲ့အခါ ညဘက်ရောက်ရင် မျက်နှာကို အရင်ဆုံး Cleansing လုပ်ပေးရပါမယ်။ Cleansing လုပ်တယ်ဆိုတာ မျက်နှာပေါ်ရှိ ဖုန်မှုန့်၊ မိတ်ကပ်ဂျေး၊ Sun Cover လိမ်းဆေးတွေကို ဖျက်ပစ်တာပါပဲ။ Cleansing လုပ်ပြီးသွားရင် Washing လုပ်ရပါမယ်။
Cleansing နဲ့ Washing လုပ်ပြီးမှ Washing လုပ်တာပိုကောင်းပါတယ်။ အရေးကြီးဆုံးက နေရောင်ခြည်ကာကွယ်ဆေးတွေကို သုံးပြီးတဲ့အခါ Cleansing လုပ်သင့်ပါတယ်။ Cleansing မလုပ်ဘဲ ထပ်ခါထပ်ခါလိမ်းပြီး
သုံးနေမယ်ဆိုရင် ဝက်ခြံတို့၊ ဘာတို့ ထွက်တတ်ပါတယ်။ ဖုန်မှုန့်တွေကြောင့် Bacteriaတွေ ပွားနိုင်ပါတယ်။ Sensitive ဖြစ်တဲ့ အသားအရေဆိုရင် နေရောင်ခြည်လိမ်းဆေး လိမ်းသင့်ပါတယ်။ Organic ဖြစ်တဲ့ နေရောင်ခြည် ကာကွယ်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Sunblock နဲ့ sunscreen တို့ဟာ တူကြတယ်လို့ အများက ထင်နေကြပေမယ့် တကယ်တော့ သူတို့ဟာ မတူကြပါဘူး။ သူတို့မှာ တူညီတဲ့အရည်အသွေးတွေ ရှိကြပါတယ်။ နှစ်ခုစလုံးဟာ အရေပြား ကာကွယ်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ Sunblock ဟာ sunscreen ထက် UVB နဲ့ UVA Rays တွေ၊ နေရောင်ခြည်မှလာတဲ့ Radiation တွေကို ပိတ်ဆို့ထားနိုင်စွမ်းရှိပါသည်။ တစ်နေ့တည်းမှာ အကြိမ်ကြိမ်ပြန်လိမ်းစရာလည်း မလိုပါဘူး။ Titanium Dioxide နဲ့ sun blook မှာ ပါဝင်တဲ့ အရေကြီး အရာတွေဖြစ်ပါတယ်။ Sunscreen ကတော့ အရေပြားမှာ လိမ်းတဲ့အခါ ပိုပြီး ပါးလွှာ Transparent ဖြစ်ပြီး သူလည်းပဲ UV A နဲ့ UV B ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
sunscreen မှာ ပါဝင်တဲ့ တချို့ဒြပ်ပေါင်းတွေဟာ နေရောင်ခြည် တစ်ခါထိတွေ့တာနဲ့ လျင်လျင်မြန်မြန် ချေဖျက်နိုင်တဲ့ အစွမ်းရှိတာ မှန်ပေမယ့်လည်း တချို့ Radiation ဟာ အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ sunscreen ရဲ့ ကောင်းကျိုးကို ပိုမိုရရှိတယ်ဆိုရင် အနည်းဆုံး နှစ်နာရီခြား တစ်ကြိမ်လောက် ပြန်ပြန်လိမ်းပေးဖို့ လိုအပ်ပြီး SPF မြင့်တဲ့ sunscreen ကို သုံးသင့်ပါတယ်။ sunscreen, Sunblock နဲ့ SPF အကြောင်းကို အနည်းငယ် လေ့လာမိစေဖို့၊ ဗဟုသုတရစေဖို့အတွက် တင်ပြပေးလိုက်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သက်တန့်ချို
Health for all magazine, August 2016